Monday, July 22, 2019


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ပေါက်မြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးသိန်းထိုက်နှင့်အဖွဲ့၊ ပေါက်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇေယျာသန်းနှင့်အဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျင်း-ရေဖြူ-ပေါက်ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းဆောင်ရွက် နေစဉ် မိုင်တိုင်အမှတ် ၆၁/၁ အနီး ညောင်ကိုင်းကျေးရွာအရောက်တွင် ရပ်တန့်ထားသော MDY 9G/6930 LIGHT TRUCK အဖြူရောင်(၆)ဘီးယာဉ်ပေါ်၌ တရားမ၀င် ကျွန်းခွဲသား (၄၀)ချောင်း၊ (၁.၄၃၂၀)တန်အား တွေ့ရှိသိမ်းဆည်းရမိပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် သစ်ပိုင်ရှင်မှာ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်နေ သိန်းစိုးလင်း၊ ၃၉ နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် သိန်းစိုးလင်း အား ပေါက်မြို့မရဲစခန်း (ပ)၂၆၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video