၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်
အောင်လံမြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးဝင်း နှင့်အဖွဲ့သည် အောင်လံမြို့ပေါ်ရပ်ကွက်များတွင်
သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် တရားဝင် ခွင့်ပြုမိန့် တစ်စုံတစ်ရာရယူထားခြင်း
မရှိဘဲ မီးသွေးများ တင်ဆောင်လာကြောင်း သတင်းအရ အောင်လံမြို့မြောက်ဘက် မြို့ဝင်ဂိတ်တွင်
ရန်ကုန်-ပြည် ASIA EXPRESS Shizutesu (၆)ဘီး ဖြူ/နီကြား ခရီးသည်တင်ယာဉ်အား ရှာဖွေစစ်ဆေးရာ
ယာဉ်ပေါ်တွင် ခရီးသည်များမပါရှိဘဲ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်၊ တပင်ရွှေထီးလမ်းနေ
ကျော်ကျော်၊ ၄၀နှစ်၊ မောင်းနှင်ပြီး ရွှေတောင်မြို့နယ်၊ တောင်လုံးညိုရွာ၊ ကသစ်တိုင်းအုပ်စုနေ
ရဲကိုကိုကျော်၊ ၂၇နှစ်၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ အောင်မျိုးခိုင်၊
၂၁ နှစ်တို့ လိုက်ပါလျက် ယာဉ်ထိုင်ခုံအောက်နှင့် ၀မ်းဗိုက်အတွင်းတို့တွင် ပီနံအိတ်ဖြင့်
ထည့်လျက် ပေါင်(၃၀)၀င် မီးသွေးအိတ်(၃၇၀)အိတ်အား ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည်ကို
ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့၍ ကျော်ကျော် ပါ(၃)ဦးတို့အား အောင်လံမြို့နယ်၊ မြို့မ ရဲစခန်း
(ပ)၁၂၆၀/ ၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၀(က)(၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Wednesday, July 3, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment