Saturday, May 18, 2019


မကွေး၊ မေလ ၁၇ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီမှ ၃ နာရီခွဲခန့်အထိ ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူး လှနောင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ညောင်ဇင် ကျေးရွာဓမ္မရုံ၌  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းနှင့် ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ သူများအား မုဒိမ်းမှု/သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး၊ လူမှောင်ခို/ လူကုန်ကူးမှုမခံရစေရေး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video