မကွေး၊ မေလ
၆ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့ည ၁၀ နာရီခန့်တွင်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအနီး
ပခုက္ကူ-မြိုင်ကားလမ်းပေါ်တွင် အမည်မသိ လူငယ်တစ်ဦးအား ၂၆ယ/၄၇၀၁၇ နံပါတ်ပါ DAYANG
125 အနက်ရောင်ဆိုင်ကယ်တစ်စီး တွန်းလာ သည်ကို တွေ့ရှိရသဖြင့် စစ်မေးရာ ၎င်းသည် ပခုက္ကူမြို့နယ်၊
ကိုင်းကျေးရွာနေ သန်းစိုးအောင် (ခ) ဂွိမ်း၊ ၂၁ နှစ်၊ ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း
အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိဘဲ နေအိမ်အဆောက်အဦတစ်ခုခုအတွင်းမှ ခိုးယူလာကြောင်း
မသင်္ကာဖွယ်တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သန်းစိုးအောင်(ခ)ဂွိမ်းအား ပခုက္ကူမြို့မရဲစခန်း
(ပ)၁၆၄၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment