မကွေး၊ မေလ ၇ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်မှ ၉ နာရီခွဲခန့်ထိ
မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ကျော် ဦးစီးသောတပ်ဖွဲ့ဝင်များသည်
မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရဲအောင်တို့နှင့်အတူ နွေရာသီရေရှားပါးမှု ဖြစ်ပေါ်နေသည့်
သောက်သုံးရေရှားပါးသည့် မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာ သို့ သွားရောက်၍ သောက်သုံးရေ(၁၆၀၀)ဂါလံပါ
မီးသတ်ရေသယ်ယာဉ်(၄)စီး၊ စုစုပေါင်း(၆၄၀၀) ဂါလံခန့်အား သွားရောက်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
ရွာသူ/ရွာသားများမှ လက်ခံ ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment