Wednesday, May 22, 2019

မကွေး၊ မေလ ၂၂  ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက် နေစဉ် လူတစ်ဦး ဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာနေ လှခိုင်၊ ၃၇ နှစ်သည် ရွာလယ်လမ်းမပေါ်တွင် အရိုး(၈)လက်မ၊ အသွား (၉)လက်မခန့်ရှိ ၀ါးရိုးတပ်ဓါးဦးချွန်(၁)ချောင်းနှင့် အရိုး(၇)လက်မခွဲ၊ အသွား(၁၆)လက်မခွဲခန့်ရှိ ၀ါးရိုးတပ်ဓါးရှည်(၁)ချောင်းတို့အား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် လှခိုင်အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း(ပ)၆၅/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video