မကွေး၊ မေလ
၂၇ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊
ရဲအကူ တပ်ဖွဲ့ခွဲမှ ဒုရဲအုပ် အေးနိုင်၊ ပခုက္ကူခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်
အောင်သန်း၊ ပခုက္ကူမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ မူးယစ် ဆေးဝါးများဖြန့်ဖြူးရောင်းချသုံးစွဲနေကြောင်း သတင်းအရ ပခက္ကူမြို့၊
အမှတ်(၁၁)ရပ်ကွက်အတွင်း အသွင်ယူ စုံစမ်းနေစဉ် အမည်မသိလူငယ်တစ်ဦး စီးနင်းလာသည့် DT
ဇီးရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပခုက္ကူမြို့၊ စက်မှုဇုံရပ်နေ ဖြိုးဝေကျော်(ခ)အန်ထူးသော်၊
၂၀ နှစ် ဖြစ်ကြောင်း သိရှရပြီး ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ်အတွင်း၌ MENTOS စာတမ်းပါ
သံဗူးငယ်ဖြင့် ထည့်လျက် ပန်းရောင်စိတ်ကြွဆေးပြား(၄၂)ပြား(၁)ထုပ်၊ RED RUBY ဆေးလိပ်ဗူးခွံအတွင်း
ကမ္ဘာလုံးတံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)ပြားပါ (၁)ထုပ်နှင့် (၂၀၀)ပြားပါ (၁)ထုပ်၊
စုစုပေါင်း ပန်းရောင်စိတ်ကြွဆေးပြား(၄၃၂)ပြားနှင့် MI 7 အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးအား
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ထို့နောက် ၎င်း၏ ထွက်ဆိုချက်အရ (ရွှေပခုက္ကူဟိုတယ်)တွင် တည်းခိုနေသူ
ပခုက္ကူမြို့နယ်၊ တင်းဂတ်ကျေးရွာနေ သန့်ဇင်ဦး(ခ)ကျောက်ကြီး၊ ၂၀ နှစ်နှင့် အတူသုံးစွဲရန်
ဝယ်ယူထားခြင်း ဖြစ်ကြောင်း သိရှိရ၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနေအိမ်ရှာဖွေဖမ်းဆီးခွင့်
ဝရမ်းအမှတ်၊ ၉/၂၀၁၉ ဖြင့် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ အခန်းအမှတ်(111)တွင်
တည်းခိုနေထိုင်လျက်ရှိသည့် သန့်ဇင်ဦး(ခ)ကျောက်ကြီးအား တွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ
မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
ဖြိုးဝေကျော်(ခ)အန်ထူးသော်နှင့် သန့်ဇင်ဦး(ခ)ကျောက်ကြီး တို့(၂)ဦးအား ပခုက္ကူမြို့မရဲစခန်း
မူးယစ်(ပ)၅/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ
၁၉(က)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ ည ၇ နာရီခွဲခန့်တွင် ဒုရဲအုပ် အေးနိုင်နှင့်
ပူးပေါင်းဖမ်းဆီးရေးအဖွဲ့သည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသုံးစွဲနေကြောင်း
သတင်းအရ ပခုက္ကူမြို့နယ်၊ ဘုန်းကန်ကျေးရွာ အ၀င်လမ်းတွင် စောင့်ဆိုင်းနေစဉ် အမည်မသိ လူငယ်တစ်ဦးသည်
DAYANG 125 ဆိုင်ကယ်အား စီးနင်းလာသဖြင့် ရပ်တန့်စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နေ
ကုလား(ခ) အောင်ဖြိုးဝေ၊ ၂၉ နှစ် ဖြစ်ကြောင်း သိရှရပြီး ၎င်းလွယ်ထားသော အနက်ရောင် ကျောပိုးအိတ်
အတွင်းမှ မူးယစ်ဆေးပြား(၁၅၀၇)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်
ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများအား ပေါက်မြို့နယ်၊
ကျောင်းကုန်းကျေးရွာနေ စောမင်းဦးထံမှ ၀ယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကုလား(ခ)
အောင်ဖြိုးဝေနှင့် စောမင်းဦးတို့(၂)ဦးအား ပခုက္ကူမြို့မရဲစခန်း မူးယစ်(ပ)၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment