Tuesday, May 14, 2019

မကွေး၊ မေလ ၁၄  ရက် 
၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၁ နာရီခန့်ထိ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး  စိုးကျော်ထက် ဦးစီး တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမြင့်ဆောင်၊ ကမ္မနယ်မြေရဲစခန်းမှ ဒုရဲအုပ် အေးသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကမ္မ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောထူးအောင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သောက်သုံးရေ ရှားပါး/ပြတ်လပ် လျက်ရှိသော ပခုက္ကူမြို့နယ်၊ မကျီးသုံးပင်အုပ်စု၊ မကျီးသုံးပင်ကျေးရွာ သို့ သွားရောက်ပြီး ရေဂါလံ (၂၀၀၀)ဆံ့ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရေဂါလံ(၁၂၀၀)ဆံ့ ရေသယ်ယာဉ်(၅)စီး တို့ဖြင့် လှူဒါန်း ခဲ့ရာ ရွာသူ/သားများမှ လက်ခံခဲ့ကြကြောင်း သတင်းရရှိပါသည်။  










0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video