၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင်
မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မှုခင်းကျဆင်းရေးဆောင်ရွက်နေစဉ်
မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ကုလားတန်းရပ်၊ စူပါစတား ဆိုင်ကယ်ရောင်း/၀ယ်ဆိုင်အနီးတွင်
လူငယ်တစ်ဦးအား ၅၈ယ/၉၃၂၄ NEW XEROS 110 အစိမ်း/အနက်ရောင် ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်
တွေ့ရှိ၍ မေးမြန်းရာ ရေနံချောင်းမြို့၊ ကျီးလေးပင်ကွက်သစ်နေ မြ၀င်းမင်း(ခ)တရုတ်ကြီး၊
၃၅ နှစ် ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောပြနိုင်ခြင်းဘဲ
တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ဖြစ်သူ မြ၀င်းမင်း(ခ)တရုတ်ကြီးအား မင်းဘူးမြို့မ
ရဲစခန်း(ပ)၉၈၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း
သတင်းရရှိပါသည်။
Sunday, May 12, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment