မကွေး၊ ဧပြီလ ၈ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်မှ ညနေ
၃ နာရီခန့်ထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် တေဇာထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ
ဒုဦးစီးမှူး ဦးလင်းလင်း တို့နှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးအနီးတွင်
ရပ်ကွက်နေ ပြည်သူများနှင့် ဈေးသူ/ ဈေးသားများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးကိစ္စရပ်များ
အသိပညာပေး ဟောပြောခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လာရောက်ကြည့်ရှုသူများအား အသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment