မကွေး၊
မတ်လ ၁၁ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်
၈ နာရီခွဲမှ ၁၁ နာရီခွဲခန့်ထိ ကျောရဲကင်းစခန်းမှူး ရဲအုပ် မျိုးမင်းဝင်း
ဦးစီးတပ်ဖွဲ့ဝင်များ၊ ကျောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦးပါ
စာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့မှ ဒုဦးစီး ဖြိုးေ၀၀င်းနှင့်အဖွဲ့၊
အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့ ပါဝင်သောပူးပေါင်း အဖွဲ့သည်
အမှတ်(၃)ရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်စေတီတော်ဘုရား ပတ်ဝန်းကျင်အား
ပြည်သူ့ အကျိုးပြု သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခဲ့ပါသည်။
နံနက် ၁၀ နာရီခန့်မှ ၁၁
နာရီခွဲခန့်ထိတွင်လည်း ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ၀င်းနိုင် ဦးစီး
တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များသည် ဆောမြို့၊ သီရိရပ်ကွက်ရှိ ရွှေစိုင်းမြင်ဘုရား(ရဲဘုရား)အတွင်း/
အပြင်ရှိ ပေါင်းမြက်များရှင်းလင်းခြင်း၊ ဓမ္မာရုံအတွင်းနှင့် မျက်နှာကျက်များတွင်
သန့်ရှင်းရေးများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment