Friday, March 8, 2019


၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော်တို့ ဦးဆောင်သော အဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့မဈေး၊ ပျံကျဈေးတန်းတွင် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်နွဲ့နွဲ့ဝင်း၊ ၅၀ နှစ်အား ဈေးဆိုင်ခန်းတွင် ထိုင်လျှက် တွေ့ရှိပြီး ၎င်းရှေ့ရှိ အဖြူရောင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်အတွင်း၌ နှစ်လုံး/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြု သော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ (၉၃၉၅၀ိ/-)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ဒေါ်နွဲ့နွဲ့ဝင်းအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁၈၈/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video