Sunday, March 3, 2019

မကွေးမြို့၊ မတ်လ ၂ ရက်                      
မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှု ကြောင့် သေဆုံး/ဒဏ်ရာရမှုများ လျော့နည်း ကျဆင်းရေးအတွက် စီမံချက်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်လည်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သတိပေးစာသားများပါသော ရောင်ပြန်စတေကာများ ကပ်ပေးခြင်းများကို ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြို့မလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နွယ်ဦး၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ခင်မောင်ထွန်း၊ မြို့နယ်ကညနမှ လက်ထောက်ကွန်ပျူတာ ဦးဇော်တိုးအောင်၊ မြို့နယ်စည်ပင်မှ ဒုဦးစီးမှူး ဦးဖုန်းမြင့်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင် (၅၀၀)၊ ရောင်ပြန်စတေကာ (၂၅၀)တို့ ဖြန့်ဝေကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းနှင့် ဆုကြီးပန်လမ်းဆုံတွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် တေဇာထွန်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် သန်းနိုင်ဝင်း၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်မြင့်ဆွေတို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့များသည် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင် (၆၀၀)၊ ရောင်ပြန်စတေကာ (၃၀၀) တို့ ဖြန့်ဝေကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဂူကြီးဘုရားလမ်းဆုံတွင် နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်အထိ ရေစကြို မြို့မရဲစခန်းမှူး ဒုရဲမှူး ဆန်းဦး၊ မြို့နယ်ထွေ/အုပ်မှ ဒုဦးစီးမှူး ဦးညီညီဖြိုး၊ မြို့နယ်စည်ပင်မှ အမှုဆောင် အရာရှိ ဦးမြင့်ဟန်၊ မြို့နယ်မီးသတ်မှ တပ်ကြပ်ကြီး တင့်လွင်ဦး၊ မြို့နယ်ယာဉ်ကြီးကြပ်မှု ကော်မတီမှ ဦးဝင်းအောင်တို့ ဦးဆောင်သော အဖွဲ့များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဖြတ်သန်း သွားလာ သော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် (၃၀၀)၊ ရောင်ပြန်စတေကာ(၁၅၀) ဖြန့်ဝေကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြိုင်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ ၀က်ကျုံးကျေးရွာလမ်းဆုံတွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ မြိုင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို၊ မြို့နယ်ထွေ/အုပ်မှ စာရေး ဦးအောင်ဆန်းလွင်၊ မြို့နယ် မီးသတ်မှ တပ်ကြပ် ဇော်လွင်တို့ ဦးဆောင်သော အဖွဲ့များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ဖြတ်သန်းသွားလာ သော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး လက်ကမ်းစာစောင်(၈၀) ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အနော်ရထာတံတားထိပ်တွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်၊ မြို့နယ်ထွေ/အုပ်မှ ဒုဦးစီးမှူး ဦးကျော်ဆွေ၊ မြို့နယ် မီးသတ်မှ တပ်ကြပ်ကြီး သန်းထွေးတို့ ဦးဆောင်သော အဖွဲ့များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းလက်ကမ်းစာစောင် (၄၀၀)၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video