မကွေး၊ မတ်လ
၁ ရက်
ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး အေးဇော်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(မင်းဘူး)မှ
ဒုရဲမှူး မောင်မောင်သန်း တို့ ဦးဆောင် သော ရဲတပ်ဖွဲ့ဝင်များသည် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့်
၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခန့်အထိ ပွင့်ဖြူမြို့၊ ရှောက်တော-ဥယျာဉ်ကျစ်ကျေးရွာ
လမ်းဆုံတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်အား လည်းကောင်း၊ နေ့လည် ၁ နာရီခန့်မှ ၂ နာရီခွဲခန့် အထိ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာအုပ်စု၊
ပဉ္စရူပ ရပ်ကွက်၊ နိုးတူး ဘော်ဒါဆောင်ရှေ့တွင် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ
အင်အား(၂၀၀)ဦးခန့် အားလည်းကောင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊
သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊
လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment