၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံး/ဒဏ်ရာရမှုများ လျော့နည်း ကျဆင်းရေး အတွက် စီမံချက်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များ၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သတိပေးစာသားများပါသော ရောင်ပြန်စတေကာများ ကပ်ပေးခြင်းများကို ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းအ၀ိုင်းတွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ ပခုက္ကူမြို့၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကျော်ဇေယျဦး၊ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် သင်းသင်းဦး၊ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူး ဦးသော်သန့်ဇင်၊ မြို့နယ်စည်ပင်မှ စည်းကမ်းထိန်း(၅) ဦးကျော်တင့်၊ မြို့နယ်မီးသတ်မှ တပ်သား ဇော်ထွန်းတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ယာဉ် စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင် (၆၀၀)၊ ရောင်ပြန်စတေကာ (၃၀၀)တို့ ဖြန့်ဝေ ကပ်ပေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ရေစကြိုမြို့နယ်၊ တမာတန်းလမ်းဆုံတွင် နံနက် ၁၀ နာရီမှ ၁၁ နာရီ ခန့်အထိ ရေစကြိုမြို့မရဲစခန်းမှူး ဒုရဲမှူး ဆန်းဦး၊ မြို့နယ်ထွေ/အုပ်မှ စာရေး ဦးမင်းမင်းဇော်၊ မြို့နယ်မီးသတ်မှ တပ်ကြပ်ကြီး တင့်လွင်၊ မော်တော် ယာဉ်ကြီးကြပ်ရေးကော်မတီမှ ဦးဝင်းအောင်တို့ ဦးဆောင် သော အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး လက်ကမ်းစာစောင် (၁၅၀)၊ ရောင်ပြန် စတေကာ(၅၀) ဖြန့်ဝေ ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြိုင်-ဗဟင်းကားလမ်း၊ မြို့မပန်းခြံ လမ်းဆုံတွင် နံနက် ၉ နာရီမှ ၁၀ နာရီခွဲ အထိ မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကိုကို၊ မြို့နယ်ထွေ/အုပ်မှ စာရေး ဦးအောင်ဆန်းလွင်၊ မြို့နယ် မီးသတ်မှ တပ်ကြပ် ဇော်လွင်တို့ ဦးဆောင်သော အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး လက်ကမ်းစာစောင်(၁၀၀) ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အနော်ရထာတံတားထိပ်တွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်၊ မြို့နယ်ထွေ/အုပ်မှ ဒုဦးစီးမှူး ဦးနေလင်း၊ မြို့နယ်မီးသတ် မှ တပ်ကြပ်ကြီး သန်းထွေးတို့ ဦးဆောင်သော အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင် (၄၀၀)၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ ဈေးလမ်းဆုံတွင် နံနက် ၈ နာရီမှ ၁၀ နာရီခွဲအထိ ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်၊ မြို့နယ် ထွေ/အုပ်မှ ဒုဦးစီး ဦးနေလင်း၊ မြို့နယ်မီးသတ်မှ တပ်ကြပ်ကြီး သန်းထွေးတို့ ဦးဆောင်သောအဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ယာဉ်စည်းကမ်း/ လမ်း စည်းကမ်း အသိပညာပေးလက်ကမ်းစာစောင် (၄၀၀)၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment