Thursday, October 4, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မကွေးမြို့နယ်၊ ဈေးလယ်စိုး ရပ်ကွက်နေ ဦးသိန်းငွေ၊ ၆၂ နှစ်သည် နေအိမ်၌ရှိနေစဉ် ဆုတောင်းပြည့် မြို့လယ်ဘုရားဂေါပက အဖွဲ့ ဥက္ကဌ ဦးဝင်းမောင် ရောက်ရှိလာပြီး ဈေးရပ်မှ ဘုရား၌ထားရှိသော အလှူခံပုံး မှန်ကွဲ နေကြောင်း ပြောပြခေါ်ဆောင်သဖြင့် ဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးတင်မောင်အေး၊ ဆယ်အိမ်မှူး၊  ဦးခင်မောင်ချိုတို့နှင့်အတူ သွားရောက်စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ လူငယ်တစ်ဦးအား ဘုရားဝန်း၊ ရာဟုထောင့်၊ တန်ဆောင်းအတွင်း၌ ပစ္စည်းများနှင့်အတူ တွေ့ရှိရသဖြင့် ဈေးလယ်စိုးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ လှုပ်ရှားရဲကင်းမှ ဒုရဲအုပ် သိန်းစိုးအဖွဲ့နှင့်အတူ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
ခိုးယူသူ လူငယ်မှာ မကွေးမြို့နယ်၊ သိင်္ဂါဂီရိရပ်ကွက်နေ အောင်ကိုကို(ခ)စာကလေး၊ ၁၈ နှစ်ဖြစ်ပြီး ၎င်းသည် မြို့လယ်ဘုရားမှ လျှပ်စစ်မီးပူဇော်ရန်အလှူခံထားရှိသော အလှူခံပုံးအတွင်းမှ ငွေစက္ကူ ရောရာ(၈၃၀၀)ကျပ်၊ တန်ဆောင်းရှိ စတိုခန်းအား သံကြိုးဖြေဖွင့်ပြီး အတွင်းရှိ သင်္ဘောဆေး ဂါလံပုံး(၁)ပုံး၊ တာပင်တိုင် ပုံး(၁)ပုံး၊ အပြာရောင် ဒစ်စကိုဆလိုက် လေးထောင့်စက်ခုံ(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ကိုကို(ခ)စာကလေးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၆၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video