Monday, October 1, 2018


မကွေး၊ အောက်တိုဘာလ ၁  ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ၁.၁၀.၂၀၁၈ ရက်နေ့တွင် ကျရောက်သော (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ အောင်ဓမ္မာရုံ၌ အာရုဏ်ဆွမ်း ဆက်ကပ်ခြင်းနှင့်  မကွေးမြို့၊ အဆင့်မြင့်မြို့တော်ခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နံနက် ၅ နာရီမှ ၆ နာရီအထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ အောင်ဓမ္မာရုံတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်သည့် အရာရှိ/ အခြားအဆင့် တပ်ဖွဲ့ဝင်နှင့် မိသားစုများမှ ပင့်သံဃာ(၅)ပါးအား ပင့်ဖိတ်၍ အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ (၉)ပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချတရားချီးမြှင့်၍ အမျှပေးဝေခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။
နံနက် ၉ နာရီတွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုဥက္ကဌ ဦးဇော်မျိုးဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲမှုထမ်းဟောင်းများ၊ ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာ သမားများ၊ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနား ပထမပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ပေးပို့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ ၀န်ကြီးချုပ် ဒေါက်တာာ အောင်မိုးညိုနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးတို့မှ မှုခင်းများ စွမ်းစွမ်းတမံ ဖမ်းဆီးဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များ ဆုချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသော (၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသခြင်းများ ကျင်းပပြုလုပ် ခဲ့ပါသည်။ 
အခမ်းအနား ဒုတိယအပိုင်းအား ဆက်လက်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ (၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၊ သရက်ခရိုင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး၊ ဆောမနရမှူး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ဇနီး၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)၏ဇနီးတို့မှ မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးသည့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကိုယ်ရောစိတ်ပါ နေ့/ညမရွေး ကူညီဆောင်ရွက် ပေးခဲ့သည့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းအဆင့် စံပြရဲဆုရ တပ်ဖွဲ့ဝင်များ၊ ၀တ်စားဆင်ယင်မှု ဆုရ တပ်ဖွဲ့ဝင်များ၊ နေအိမ်လိုင်းခန်း သန့်ရှင်းမှု ဆုရရှိသူ မိသားစုများအား ဆုချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ၁၁၀၀ အချိန် ဒုတိယပိုင်း အခမ်းအနား ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
 









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video