Wednesday, September 5, 2018



မကွေး စက်တင်ဘာလ ၄  ရက်

     ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့ ၃ နာရီ ၂၀ မိနစ်အချိန်တွင် တာဝန်သိပြည်သူတစ်ဦး၏ ဂန့်ဂေါ မနရမှူးထံ သတင်းပေးချက်အရ ဂန့်ဂေါမနရမှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် (၄/၁၈) ဖြင့် ကျောရကစမှူး ရဲအုပ် မျိုးမင်းဝင်း၊ ဂန့်ဂေါမမစမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းလွင်အောင်၊ ရဲတသ သူရိန်ဌေး၊ ရဲတသ အိအိမျိုး၊ ရဲတသ ဝေဇင်ထွန်း၊ ကျောရကစမှ ရဲဒုတက ယာဉ်မင်း၊ ရဲတသ ကိုကိုနိုင်၊ မူးယစ်တပ်ဖွဲ့စု(၁၅)ဂန့်ဂေါလှုပ်ရှားမှ ရဲတကက ကိုကိုအောင်တို့အဖွဲ့သည် သက်သေ ကျောမြို့၊ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၊ စကားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ခင်တို့နှင့်အတူ ဂန့်ဂေါမမစ၏ အရှေ့မြောက် (၃၉)မိုင်ခန့်၊ ကျောရကစ၏ အနောက်မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ FV 420223 ၊ ဂန့်ဂေါမန၊ စကားကျေးရွာရှိ ဒေါ်နုအေး၊ ၅၇ နှစ်၊ (ဖ) ဦတင်မောင်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ဒေါ်အေးနုအား အသင့်တွေ့ရှိပြီး ၄င်းအိမ် ဘေးရှိ သွပ်မိုး၊ ၀ါးကပ်ကာ၊ (၃x၂)ပင်မြေစိုက် မီးဖိုဆောင်၏ အနောက်ဘက်ကပ်လျှက်ရှိ နနွင်းပင် ခြုံအတွင်းမှ အနက်ရောင်ကျွတ်ကျွတ်အိတ်အထုပ် (၁)ထုပ်အားတွေ့ရှိ၍ ဒေါ်အေးနုနှင့် သက်သေ များရှေ့ဖွင့်မှောက်ရှာဖွေရာ ၄င်းအထုပ်အတွင်းမှ ရှောက် တစ်လုံးဝမ်းမှန်ဆေး တံဆိပ်ပါအမြင့်(၃) လက်မခွဲခန့်၊ လုံးပတ်(၅)လက်မခန့်ရှိ အဖြူရောင် ကော်ဗူး(၁) ဗူးအတွင်းထည့်လျှက်ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့်အလေးချိန် (၂.၃၀) ဂရမ်ခန့်၊ ကာလ တန်ဖိုး(၁၈၄၀၀၀)ကျပ်နှင့် Power Silver တံဆိပ်ပါ အမြင့်(၃)လက်မကျော်ခန့်၊ လုံးပတ် (၅)လက်မခန့်ခွဲရှိ အဖြူရောင်ကော်ဗူး (၁)ဗူးအတွင်း ထည့်လျှက်ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် (၁.၅၀)ဂရမ်ခန့်၊ ကာလတန်ဖိုး (၁၂၀၀၀၀)ကျပ်၊  စုစုပေါင်းဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် (၃.၈၀)ဂရမ်၊ စုစုပေါင်း ကာလတန်ဖိုး (၃၀၄၀၀၀)ကျပ်တို့အားတွေ့ရှိသိမ်းဆည်းရမိသောကြောင့် ဒေါ်အေးနုအား ဂန့်ဂေါ မမစ မယ(ပ)၇/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video