မကွေး ၊ ဧပြီလ ၁၅
၁၃၇၉-၈၀ ခုနှစ်၊
မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ နေအိမ်ခြံဝန်းအတွင်းရှိ
မိသားစုရေကစားပန်းဥယျဉ်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဇနီး၊ မကွေးခရိုင်/
မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ဇနီး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊
တပ်ဖွဲ့ဝင်မိသားစုရေကစား ပန်းဥယျဉ်မဏ္ဍပ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ နှစ်သစ်ဆုမွန်ကောင်း
အဖွင့်အမှာ စကားပြောကြားခြင်း၊ ပြည်ချစ်ဇာနည် ပျိုမဒီယိမ်းအဖွဲ့ သမီးပျိုလေးများမှ
ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း များအား နံနက် ၀၉၀၀ အချိန်မှ ၁၁၀၀ အချိန်အထိ
ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား စတုဒီသာများ
တည်ခင်းဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment