Thursday, April 5, 2018

မကွေး ၊ ဧပြီလ ၎
၁။     ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ရက်နေ့ တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှာကြားချက်အရ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းမှ အနီးကပ်ကြီးကြပ်၍ ရဲအကူတပ်ဖွဲ့ခွဲ၊  မကွေးခရိုင်ရဲတပ်ဖွဲ့၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့တို့်မှ ရဲတပ်ဖွဲ့ဝင်(၁၅+၄၅)ဦးတို့ဖြင့် မကွေးမြို့ ပေါ် ရပ်ကွက်များအတွင်း သင်္ကြန်အကြိုကာလ မှုခင်းလျော့နည်းကျဆင်းရေးအတွက် ယာဉ်အမှတ် 9K/7365 Saloon မီးတန်းယာဉ်ပါကား(၅)စီး၊ မော်တော်ဆိုင်ကယ်(၁၀)စီးတို့ဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ညနေ ၄ နာရီ အချိန်စတင်ထွက်ခွါပြီး  မကွေးမြို့ဗိုလ်ချုပ်လမ်း၊ နတ်မောက်လမ်း၊ ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ခြမ်း တိုးဂိတ်အထိလည်းကောင်း၊ ဧရာဝတီတံတား(မကွေး)မှ တဆင့်လမ်းမတော်လမ်း၊ ပြည်တော်သာလမ်း၊ ကမ်းနားလမ်း၊ အောင်မေတ္တာအ၀ိုင်း၊ မြင်ကင်းလမ်း၊ လမ်း(၅)သွယ်အ၀ိုင်းထိ လည်းကောင်း၊ အ.ထ.က(၁)လမ်း၊ မြို့ပတ်လမ်း၊ နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ မြို့ရှောင်လမ်း၊ နတ်စင်လမ်း၊ မြသလွန်ဘုရားလမ်းအထိလည်းကောင်း မြသလွန်ဘုရားလမ်းမှ ကမ်းနားလမ်း၊ တရားရုံး   လမ်းဆုံ၊ ရာဇမုနိဘုရားလမ်း၊ လမ်း(၅)သွယ်အ၀ိုင်းတို့အား ဖြတ်သန်းပြီး ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ပြန်လည်ရောက်ရှိပြီး သင်္ကြန်အကြို ကာလလှည့်ကင်းဆောင်ရွက်မှု ပြီးဆုံးကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video