၂၀၁၈ ခုနှစ်၊
ဧပြီလ ၂၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်
အောင်ဝင်းဦးနှင့် ဇနီး ဒေါ်စန်းစန်းထွန်း တို့အား အမှူးထား၍
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဇနီး ဒေါ်ခင်မာလာအေးနှင့်
အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား တို့မှ သံသရာ ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်ကင်းရာ
မြတ်နိဗာန်ကို ရောက်စေခြင်းအကျိုးဌာ ဒုလ္လဘရဟန်းလောင်း (၁၀၈)ပါး တို့အား မြင့်မြတ်သော
ရဟန်းဘောင်သို့ချီးမြှင့်ပြီး ရှင်သာမဏေလောင်း(၆)ပါးတို့အား ရှစ်ပါးသောပရိက္ခရာ စုံလင် စွာဖြင့်
သာသနာအမွေခံ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းရန် နံနက် ၇ နာရီအချိန်တွင် မကွေးဒေသကြီး ရဲတပ်ဖွဲ့ဝန်းမှ
မကွေးမြို့မြသလွန်ဘုရားသို့ ရှင်လောင်းလှည့်လည်ပြီး ဘုရားကန်တော့ခြင်း၊ အောင်မြေ နင်းခြင်း
ပြုလုပ်ပြီး နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊
မဲထီးလမ်းရှိ ပုည၀တီကျောင်း တိုက်တွင် သံဃာတော်လောင်းလျာများအား ဆံချခြင်း၊
ရှင်သာမဏေ သွပ်သွင်းခြင်း၊ ဒုလ္လဘရဟန်းလောင်း များအား သိမ်ဝင်ခြင်း ပြုလုပ်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊
ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် ပုည၀တီကျောင်းတိုက်တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်မောင်အေးနှင့် ဇနီး ဒေါ်ခင်မာလာအေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး လှသန်းနှင့် ဇနီး ဒေါ်ခင်ခင်လေး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီး
ပထမတန်း ဒုရဲမှူးကြီး တင်မိုးနှင့် ဇနီး ဒေါ်စန်းစန်းမြင့် နှင့်
တိုင်း/ခရိုင်/မြို့နယ်များမှ အရာရှိ/ အရာခံ/ အကြပ်/ တပ်သား မိသားစု များမှ ပင့်သံဃာ
ဆရာတော်ကြီးများ၊ ဆရာတော်/သံဃာတော်များအား သိမ်ဆင်း ဆွမ်းဆန် စိမ်းလောင်း လှူခြင်း
ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်မြတ်ကို
ရိုသေစွာနာယူ ခြင်း ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊
အလှူတော်ရေစက်ချ တရားတော်နာယူ အမျှပေးဝေပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်စွာ ရုပ်သိမ်းခြင်း
နှင့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့် ဇနီး
ဒေါ်ခင်မာလာအေး တို့မှ ရတနာ ရွှေမိုး၊ ငွေမိုး ရွာသွန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရဲမှူးကြီး ခင်မောင်အေးနှင့် ဇနီး
ဒေါ်ခင်မာလာအေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းနှင့် ဇနီး ဒေါ်ခင်ခင်လေး၊
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီး ပထမတန်း ဒုရဲမှူးကြီး တင်မိုးနှင့် ဇနီး ဒေါ်စန်းစန်းမြင့်
နှင့် တိုင်း/ ခရိုင်/မြို့နယ်များမှ အရာရှိ/ အရာခံ/ အကြပ်/ တပ်သား မိသားစုများမှ ဆရာတော်၊
သံဃာတော်များအား ဆွမ်း ဆက် ကပ်လှူဒါန်းခြင်း ကြွရောက်လာသော ဧည့်သည်တော် များအပါအ၀င်
စုစုပေါင်း(၂၅၀)ဦးခန့်အား ဧည့်ခံကျွေးမွေးခြင်း များ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို
မွန်းတည့် ၁၂ နာရီအချိန်ပြီးဆုံးကြောင်း သတင်းရရှိပါသည်။