Sunday, March 25, 2018


မကွေး ၊ မတ် ၂၄
၁။     ၂၀၁၈ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၀၉၀၀ အချိန် မကွေးခရို်င်၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်းရှိ လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် MSMES Product ဒေသတွင်း ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ထိုအခမ်းအနားသို့ အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ စက်မှုဝန်ကြီးဌာန ပထစ၀န်ကြီး  ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း တိုးတက်ရေးကော်မတီအဖွဲ့ဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီး (လခရ/နရစ)ဗိုလ်မှူးကြီး မင်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးခင်မောင်အေး၊ သယံဇာတ၊ သဘာသပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဦးဇော်မင်း၊ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်း အိုက်ကော်ခင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကရမှူး ရဲမှူးကြီး ခင်မောင်အေးခရရမှူး(မကွေး) ဒုရဲမှူးကြီး ကျော်ထွန်း၊ တိုင်း/ ခရိုင်/မနအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြပွဲ/ ပြိုင်ပွဲတွင် ပါဝင်ပြသမည့်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား  သူများ၊ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက် သတင်းရရှိသည်။
၂။    အခမ်းအနားတွင် ပထစ၀န်ကြီး ဦးခင်မောင်ချိုမှ အဖွင့်မှာစကားပြောကြားခြင်း၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရခိုင်ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့်မှ အမှာစကားပြော ကြားခြင်း၊ ဦးလှဦး(ဂွတ်ဘရားသားကုမ္မဏီ) မှ ငွေကျပ်သိန်း(၁၀၀)၊ ဒေါ်ဖြိုးလဲ့မွန်(ကောင်းမွန်စင်တာ) မှ ငွေကျပ်သိန်း(၅၀)၊ ဦးစောလွင်မြင့်(ရွှေဧရာ) မှ ငွေကျပ်သိန်း(၃၀)၊ ဒေါ်အေးမြဖူး(Avon အထည်ချုပ် စက်ရုံ) မှ ငွေကျပ်သိန်း(၁၀)သိန်းနှင့် ဦးဌေးအောင်(အမေထွားနှင့်ပဲဆီသန့်) မှ ငွေကျပ်သိန်း(၁၀)သိန်း အသီးသီး MSMES Product ဒေသအတွင်း ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲအတွက် အလှူငွေထည့်ဝင် လှူဒါန်းခဲ့ရာ စက်မှုဝန်ကြီး ဌာနပထစ၀န်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို မှ လက်ခံခြင်း များ ဆောင်ရွက်ခဲ့ပြီး ၁၀၀၀ အချိန် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရ ရှိပါသည်။
၃။      မကွေးမြို့၊ အဆင့်မြင့်မြို့တော်ခန်းမမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ၀၉၄၅ အချိန် နေပြည်တော်သို့ ထွက်ခွါသွားပြီး၊ မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံလမ်းကြားတွင် ကျင်းပပြု လုပ်သော မကွေး၊ ချင်း၊ ရခိုင်ပြည်နယ်တို့ ပူးပေါင်းသည့် MSMES Product ဒေသအတွင်း ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲသို့ ၁၀၀၅ အချိန် စက်မှုဝန်ကြီးဌာန ပထစ၀န်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ထိုကုန်စည် ပြပွဲအတွင်း ခင်းကျင်းပြသ လျှက်ရှိသော ပြခန်းများအား လှည့်လည်စစ်ဆေးကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။ အဆို ပါ ဒေသထွက်ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲအား ၂၀၁၈ မတ်၂၄ မှ ၂၆ ရက် နေ့အထိ နေ့စဉ် ၀၉ ၀၀ မှ ၂၁၀၀ အချိန် ထိ (၃)ရက်ကြာကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။










Tuesday, March 20, 2018



     ၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ရက်နေ့ ၀၈၀၀ အချိန်မှ ၁၁၀၀ အချိန်အထိ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်ဦးစီး တပ်ဖွဲ့ဝင်(၅+၁၂)ဦးတို့သည် မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းထောင့်နှင့် ပြည်တော်သာလမ်းဆုံတို့တွင်လည်းကောင်း၊ ကန်သာရပ်ကွက်၊ ပြည်တော်သာ လမ်းနှင့် သစ္စာလမ်းဆုံတို့တွင်လည်းကောင်း ခရီးသွားပြည်သူများအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု ကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ရည်ရွယ်၍ အသိပညာ ပေးလက်ကမ်းစာစောင်(၅၀၀)အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။








Thursday, March 15, 2018



မကွေး ၊ မတ် ၁၅
၁။     ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်မှ  ည ၈ နာရီ ၃၅ မိနစ်အချိန်ထိ ခေတ္တမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၏ ညွှန်ကြားမှုအရ မကွေးခရိုင်၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းမှ အနီးကပ်ကြီးကြပ်ပြီး မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ၀င်းကျော် ဦးစီး (၃) ဦး၊ မကွေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းထွန်းဦးစီး(၁+၄)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ကျော်ဇင်ထက် ဦးစီး (၂+၂၅) ဦး ၊ မကွေးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် အောင်ဝင်းလှိုင်ဦးစီး (၂+၂၅) ဦး၊ စုစုပေါင်း (၉+၅၄) ဦးတို့သည် အငယ်စား၊ အသေးစား၊ အလတ်စားဒေသထွက်ကုန်ပစ္စည်း ပြပွဲ/ ပြိုင်ပွဲမကျင်းပမှီ လုံခြုံရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့ဖြစ်သဖြင့်  ခိုး/ဆိုး/လု/ နှိုက်မှု များ မဖြစ်ပွားစေရေး မှုခင်းကြိုတင် ကာကွယ်ရေးအတွက် မကွေးခရိုင်၊ မကွေးမြို့ပေါ်ရပ်ကွက်များသို့ အင်အားပြယာဉ်တင် လှည့်ကင်းများဖြင့် စိုးမိုးဆောင်ရွက်ခဲ့ပါသည်။
၂။      ည ၆ နာရီ ၃၀ မိနစ်မှစတင်၍ ယာဉ်တင်လှည့်ကင်းအဖွဲ့သည် အစိုးရရုံးလမ်းအတိုင်း ကျောက်သား ဥယျာဉ်သို့လည်းကောင်း၊ ည ၆ နာရီ ၄၀ မိနစ်အချိန်ကမ်းနားလမ်းအတိုင်း အောင်မေတ္တာအ၀ိုင်း၊ သစ်တော လမ်းမြင်းကင်းလမ်းတို့အားဖြတ်သန်း၍မကွေးတက္ကသိုလ်လမ်းဆုံ သို့လည်းကောင်း၊ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် မကွေးတက္ကသိုလ်လမ်းဆုံမှ တောင်တွင်းလမ်းအတိုင်း ကြာပန်းအ၀ိုင်း၊ မြို့ပတ်လမ်း၊ပြည်တော်သာ လမ်းအတိုင်းထွက်ခွါခဲ့ပြီး တိုင်းဒေသကြီးစည်ပင်ရုံးရှေ့သို့ လည်းကောင်း၊ ည ၇ နာရီ ၄၀ မိနစ်အချိန် တိုင်းဒေသကြီးစည်ပင်ရုံးရှေ့မှ ပြည်တော်သာ လမ်းအတိုင်း ဗိုလ်ချုပ်လမ်း၊ မြို့ရှောင်လမ်း၊ နတ်စင်လမ်း၊ မြသလွန်ဘုရားလမ်းတို့အားဖြတ်သန်းပြီး မြသလွန်ဘုရားသို့လည်း ကောင်း ည ၈ နာရီ ၅ မိနစ်အချိန်မြသလွန် ဘုရားမှ ကမ်းနားလမ်း၊ မဲထီးလမ်းတို့အား ဖြတ်သန်းပြီး ဒုရဲအုပ်ကျော်ဇင်ထက် ဦးစီးသော မော်တော်ယဉ် သည် ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ မြို့ပတ် လမ်း၊ အ.ထ.က(၁)လမ်းတို့အား ဖြတ်သန်းပြီး ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သို့လည်းကောင်း ရဲမှူးစိုးဝင်းဦးစီးသော မော်တော် ယာဉ်နှင့် ဒုရဲအုပ် အောင်ဝင်းလှိုင် ဦးစီးသော မော်တော်ယဉ်တို့သည် ဗိုလ်ချုပ်လမ်း၊ အ.ထ.က (၁)လမ်း၊ မြို့ပတ်လမ်း၊ တောင်တွင်းလမ်း၊ လမ်း(၅)သွယ်တို့အားဖြတ်သန်းပြီး ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အင်အားပြယာဉ်တင်လှည့်ကင်းစိုးမိုးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၃။      ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည ၈ နာရီအချိန်မှ ည ၉ နာရီ ၃၅ မိနစ်အချိန်ထိ ခေတ္တမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၏ ညွှန်ကြားမှုအရ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ထူး ဦးစီး(၃+၁၀)ဦး၊ အမှတ်(၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ကြပ်ကြီး ခွန်လျှံပိုင်ပါ(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတို့ ပါဝင် သောပူးပေါင်း အဖွဲ့သည် အငယ်စား၊ အသေးစား၊ အလတ်စားဒေသထွက်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ မကျင်းပမီ လုံခြုံရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မကွေးမြို့နယ်၊ အောင်ရတနာအုပ်စု၊ ရန်နိုင်ရပ်ကွက်၊ နတ်မောက်လမ်း Denko ဓါတ်ဆီဆိုင်ရှေ့တွင် မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ ထူးခြားမှုမရှိပါကြောင်း သတင်းရရှိပါသည်။
အင်အားပြယာဉ်တင်လှည့်ကင်း စိုးမိုးဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံ 









Find Us on Facebook

Popular Posts

Video