Monday, March 6, 2017



မကွေး ၊ မတ်လ ၅ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်  ၁၁ နာရီအချိန်တွင် အောင်လံမြို့၊ ကန်ကြီးရပ်ကွက် (၅)လမ်းထိပ် ပြည်လမ်း၌ ပညာပေးပြခန်းဖွင့်လှစ်ပြသရာ  အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အေးဇော်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ၀င်းနိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မြတ်နောင်စိုး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းဇော်လတ်တို့မှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား ၁၅၀ ဦးခန့်အား မှုခင်းပိုင်းဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မော်တော်ယာဉ်ဥပဒေများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်း အရာများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊  မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများအား ပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပြီး ယာဉ်/လမ်း စည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာလက်ကမ်းစာစောင်များ အား ဖြန့်ဝေပေး ခဲ့ကာ မွန်းလွဲ ၁ နာရီ ၃၀မိနစ် အချိန်ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video