Friday, March 31, 2017



မကွေး ၊ မတ်လ ၃၁ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အစီအစဉ်ဖြင့် အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် (၁၅.၁၁.၂၀၁၆) ရက်နေ့မှ ၃၁.၃.၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သားသစ်သင်တန်း အမှတ်စဉ် (၂၁၉/၂၀၁၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီမှ ၇ နာရီ ၄၀ မိနစ်အချိန်ထိ အဆိုပါ သင်တန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၁၀၀) ဦး တက်ရောက်အောင်မြင် ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၄၁၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video