Thursday, February 16, 2017

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
 
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်လေးကျေးရွာအနီး နတ်မောက်-မကွေးကားလမ်း မိုင်တိုင်အမှတ် (၇၂/၅) နှင့် (၇၂/၆) အကြား တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာသစ်လေးကျေး ရွာနေ ဇော်ဝင်း (၃၆)နှစ်သည် နတ်မောက်ဘက်မှ မကွေး ဘက်သို့ နံပါတ် မပါ TRICKER -125 အနက်ရောင် JIAFA အမျိုးအစား ဆိုင်ကယ်အား တစ်ဦး တည်းမောင်းနှင်လာစဉ် နတ်မောက်-မကွေး ကားလမ်း၊ (၇၂/၅) နှင့် (၇၂/၆) အကြားတွင် လမ်းဘက် ဘေးတွင် ရပ်တန့်ထားသော သုံးဘီးဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်၍ ၀ဲ/ယာလက်ကောက်ဝက် ကျိုးဒဏ်ရာ၊ ယာလက်ချောင်း များနှင့် ၀ဲလက်သန်းပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရဲမှုခင်းဆေးစာဖြင့် နတ်မောက် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ် ကုသခဲ့ပြီး နတ်မောက် မြို့မရဲစခန်း ယာဉ် (ပ) ၁၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်း ရရှိသည်။

ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်အချိန် ၎င်းအား ရှာဖွေစစ်ဆေးခဲ့ရာ ၀တ်ဆင် ထားသော TZGT တံဆိပ်ပါ အကျီအိတ်ကပ်အတွင်းမှ အရိုးအသွား ၃ လက်မ ခွဲ၊ ဗျက် ၁ လက်မခန့်ရှိ ဓါးဦးချွန် စတီး ခေါက်ဓါး ၁ လက် အား တွေ့ရှိသဖြင့် နတ်မောက်မြို့မရဲစခန်း (ပ) ၄၀/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ အကျီဝဲဘက်အိတ်ကပ်အတွင်းမှ အညိုရောင်သံဗူး အတွင်း အပြာရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်လျှက် 88 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၉၇၅) ပြား၊ ယာဘက်အိတ်ကပ် အတွင်းမှ `ရွှေရနံ့` တံဆိပ်ပါ အစိမ်းရောင်အဖုံးဖြင့်ပိတ်လျှက် အဖြူ ရောင် ကော်ဗူး အတွင်းမှ 88 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၉၂၅) ပြား၊ စုစုပေါင်း (၁၇၀၀) ပြား၊ စုစုပေါင်း အလေးချိန် (၁၇၀) ဂရမ်၊ စုစုပေါင်းတန်ဖိုး (၅၁) သိန်းခန့်အား ရှာဖွေတွေ့ရှိခဲ့သဖြင့် နတ်မောက်မြို့မ ရဲစခန်း မယ(ပ) ၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) အရ လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video