Monday, February 27, 2017

မကွေး ၊ ဖေဖော်ဝါရီလ ၂၆ 

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသ ကြီး၊ သရက် ခရိုင်၊ သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်နေ ငါးငါး(ခ) စိုးမိုးနိုင်(ခ)စိုးနိုင်၊ ၅၂နှစ်၏ နေအိမ် တွင် နှစ်လုံးထီ/ဘောလုံးလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်မင်းထွေးနှင့်တပ်ဖွဲ့ဝင်များ၊ သရက်မြို့မရဲစခန်းမှ ရဲအုပ် ကျော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သရက်ခရိုင် ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ်(၂/၂၀၁၇)ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ငါးငါး(ခ) စိုးမိုးနိုင်(ခ) စိုးနိုင်အား နှစ်လုံးထီ/ဘောလုံးလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ ၊ လောင်းကြေးငွေ(၇၃၄,၀၀၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား သရက်မြို့မရဲစခန်း(ပ) ၈၀/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


Thursday, February 23, 2017


မကွေး ဖေဖော်ဝါရီလ ၂၃ ရက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၉ နာရီ ၅၀ မိနစ်အချိန်အထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင် ရဲအရာရှိများအတွက် လူအခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး (လခရ /နစရ)ဗိုလ်မှူးကြီးနိုင်ဦးနှင့် ဒုမကရမှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ခရရမှူးများ၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး၊ သတင်းတပ်ဖွဲ့စုမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ မှုခင်းတပ်ဖွဲ့စုမှူး၊ လူကုန်တားတပ်ဖွဲ့စုမှူး၊ မနရမှူး(မကွေး)၊ သင်တန်း နည်းပြ(၄)ဦး၊ သင်တန်းသားအရာရှိ(၅၀)ဦး စုစုပေါင်း (၆၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးကြီး လှသန်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်အခမ်းအနား ပြီးဆုံးခဲ့ ကြောင်းနှင့် ၎င်းသင်တန်းအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၄ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီ ၃၀ မိနစ်အချိန်ထိ (၂)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။







Wednesday, February 22, 2017

မကွေး ၊ ဖေဖော်ဝါရီ ၂၂ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်း ပညာပေးပြခန်းယာဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီမှမွန်းတည့် ၁၂ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲရှေ့နှင့် ကုန်းဇောင်းကျေး ရွာ စည်ပင်သာယာဈေးရှေ့တို့တွင် ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မြလွင်ဦး ဦးစီးသည့်တပ်ဖွဲ့ဝင်များမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူ များ၊ စုစုပေါင်းအင်အား ၃၄၀ ဦးခန့်အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၃၀ အချိန်မှ ညနေ ၄ နာရီအချိန်အထိ မင်းဘူး-စလင်းကားလမ်း၊ စလင်းမြို့နယ် ၊ တောစိမ့်ရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှေ့နှင့် ဆင်ကျုံးကျေးရွာ အုပ်ချုပ် ရေးမှူးရုံးရှေ့တို့တွင် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ခင်မောင်ညွန့် ဦးစီးသည်တပ်ဖွဲ့ဝင်များမှ ဆရာ/မများ၊ ကျောင်းသား/သူများ ၊ ဒေသခံပြည်သူ များ၊ စုစုပေါင်းအင်အား ၂၇၀ ဦးခန့်အား လည်းကောင်း မှုခင်းကြိုတင် ကာကွယ်တား ဆီးရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများအား လှည့်လည်ပညာပေး ဟောပြောပြသခဲ့ပြီး တပ်ဖွဲ့ဝင်များမှ လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။


Tuesday, February 21, 2017

မကွေး ၊ ဖေဖော်ဝါရီ ၂၀ ရက်

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၁)ရပ်ရှိ နာရီစဉ် လမ်းဆုံတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှနောင် ဦးစီးသည့် တပ်ဖွဲ့ ၀င်များမှ ပြည်သူ (၁၀၀)ဦးခန့်အား မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု ပပျောက် ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အား လှည့်လည်ပညာပေး ဟောပြောပြသခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။



Monday, February 20, 2017

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိသားစု စည်း ရုံးရေးနှင့်စည်းရုံးရေးကော်မတီဒုဥက္ကဋ္ဌ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ဇနီး ဒေါ်ခင်ခင်လေး နှင့် အဖွဲ့သည် 1I/2037 မတ်တူးအဖြူရောင်ယာဉ်ဖြင့် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် နယ်မြေရဲစခန်း သို့ ရောက်ရှိခဲ့ပြီး ရဲစခန်းဓမ္မာရုံဆောက်လုပ် လှူဒါန်းထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်း ပြီးစီးမှုအခြေအနေ အား ကြည့်ရှုခဲ့ပြီးရဲစခန်းရှိ တပ်ဖွဲ့ဝင် (၁၀)ဦး၊ မိသားစုဝင် (၈) ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ကိုယ်ဝန်ဆောင် မိခင်များဖြစ်သည့် ရဲတပ်ကြပ် မျိုးမင်း၏ဇနီး ဒေါ်ခင်စန်းဝင်း(ကိုယ်ဝန် ၈လ)၊ ရဲတပ်သား ရန်နိုင်စိုး၏ဇနီး ဒေါ်အိအိဖြိုး(ကိုယ်ဝန် ၆ လ) တို့အား လစဉ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ ထံပြသသွားရန်နှင့် မီးဖွားခြင်းအား နီးစပ်ရာ ဆေးရုံ/ဆေးပေးခန်း တို့တွင် ဆောင်ရွက်သွားကြရန်မှာကြား ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင် (၂) ဦးအား တစ်ဦးလျှင် (၁၀၀၀၀) ကျပ်စီ ထောက်ပံ့ပေးအပ်ကာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် မကွေးမြို့သို့ ပြန်လည်ရောက် ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Thursday, February 16, 2017

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
 
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်လေးကျေးရွာအနီး နတ်မောက်-မကွေးကားလမ်း မိုင်တိုင်အမှတ် (၇၂/၅) နှင့် (၇၂/၆) အကြား တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာသစ်လေးကျေး ရွာနေ ဇော်ဝင်း (၃၆)နှစ်သည် နတ်မောက်ဘက်မှ မကွေး ဘက်သို့ နံပါတ် မပါ TRICKER -125 အနက်ရောင် JIAFA အမျိုးအစား ဆိုင်ကယ်အား တစ်ဦး တည်းမောင်းနှင်လာစဉ် နတ်မောက်-မကွေး ကားလမ်း၊ (၇၂/၅) နှင့် (၇၂/၆) အကြားတွင် လမ်းဘက် ဘေးတွင် ရပ်တန့်ထားသော သုံးဘီးဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်၍ ၀ဲ/ယာလက်ကောက်ဝက် ကျိုးဒဏ်ရာ၊ ယာလက်ချောင်း များနှင့် ၀ဲလက်သန်းပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရဲမှုခင်းဆေးစာဖြင့် နတ်မောက် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ် ကုသခဲ့ပြီး နတ်မောက် မြို့မရဲစခန်း ယာဉ် (ပ) ၁၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်း ရရှိသည်။

ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်အချိန် ၎င်းအား ရှာဖွေစစ်ဆေးခဲ့ရာ ၀တ်ဆင် ထားသော TZGT တံဆိပ်ပါ အကျီအိတ်ကပ်အတွင်းမှ အရိုးအသွား ၃ လက်မ ခွဲ၊ ဗျက် ၁ လက်မခန့်ရှိ ဓါးဦးချွန် စတီး ခေါက်ဓါး ၁ လက် အား တွေ့ရှိသဖြင့် နတ်မောက်မြို့မရဲစခန်း (ပ) ၄၀/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ အကျီဝဲဘက်အိတ်ကပ်အတွင်းမှ အညိုရောင်သံဗူး အတွင်း အပြာရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်လျှက် 88 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၉၇၅) ပြား၊ ယာဘက်အိတ်ကပ် အတွင်းမှ `ရွှေရနံ့` တံဆိပ်ပါ အစိမ်းရောင်အဖုံးဖြင့်ပိတ်လျှက် အဖြူ ရောင် ကော်ဗူး အတွင်းမှ 88 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၉၂၅) ပြား၊ စုစုပေါင်း (၁၇၀၀) ပြား၊ စုစုပေါင်း အလေးချိန် (၁၇၀) ဂရမ်၊ စုစုပေါင်းတန်ဖိုး (၅၁) သိန်းခန့်အား ရှာဖွေတွေ့ရှိခဲ့သဖြင့် နတ်မောက်မြို့မ ရဲစခန်း မယ(ပ) ၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) အရ လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။


Saturday, February 11, 2017

မကွေး ၊ ဖေဖော်ဝါရီ ၁၁ ရက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တွင် လိုအပ်သော Projector (၅၀) စုံ၊ Computer/Printer (၃၈) စုံ ၀ယ်ယူ ရန်ရှိသည့်အတွက် ပြည်တွင်း နိုင်ငံသား၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ကြော်ငြာအပ်ပါသည်။

တင်ဒါပုံစံ စတင်ရောင်းချမည့်ရက် - ၁၃.၂.၂၀၁၇ ရက်နေ့ နံနက် (၉)နာရီမှ ညနေ (၄း၃၀)နာရီထိ
တင်ဒါပုံစံအရောင်းပိတ်ရက် - ၂၂.၂.၂၀၁၇ ရက်နေ့ ညနေ (၄း၃၀) နာရီ
တင်ဒါဖွင့်မည့်ရက်/အချိန် - ၂၄.၂.၂၀၁၇ ရက်နေ့ နံနက် (၁၀) နာရီ
တင်ဒါပုံစံများအား တစ်စောင်လျှင် ၅၀၀၀ိ/- (ကျပ် ငါးထောင်) နှုန်းဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၊ ထောက် -၁/၄ (ငွေစာရင်း) ဌာနစိတ်တွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ် များသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည် -
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဖုန်း - ၀၆၃ ၂၅၀၁၆/ ၂၈၃၄၆
ရဲမှူး (ရေး/ထောက်) ဖုန်း - ၀၉ ၅၃၄၂၇၁၈
ရဲအုပ် (ထောက်တာဝန်ခံ) ဖုန်း - ၀၉ ၄၃၁၂၁၃၀၉



                                                                                              တင်ဒါစိစစ်ရေးအဖွဲ့
                                                                                        မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့


Find Us on Facebook

Popular Posts

Video