Sunday, November 1, 2015



ဆိပ်ဖြူ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များဆောင်ရွက်ရာတွင် တစ်နေရာတည်းတွင် အပြီးဆောင်ရွက်နိုင်ရန် ၀န်ဆောင်မှု (One Stop Shops) ဆောင်ပေး နိုင်ရန်အတွက် လည်းကောင်း၊လာဘ်ပေးလက်ယူမှုနှင့် အဂတိလိုက်စားမှု ကိုတားမြစ်၍ ထိရောက်သော ၀န်ဆောင်မှု အလေ့အကျင့် များပြုစု ပျိုးထောင်ပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူများက အစိုးရနှင့်ဌာန ဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွာလာစေရန်နှင့် တာဝန် ထမ်းဆောင်နေ သည့် ၀န်ထမ်းများ၊ဦးစီးဌာနများအလိုက် အပြန်အလှန် ထိန်းကျောင်းမှုပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် စသောရည်၇ွယ် ချက်တို့ဖြင့် ပြည်သူ့ဝန်ဆောင်မှု (One Stop Shops)ရုံး ကို အောက်တိုဘာ ၃၀ရက်နေ့ နံနက် (၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦး စီး ဌာန တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော၊သတ္ထုနှင့်စွမ်းအင်ဝန်ကြီးဦးသိန်းထွန်း၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ဖွံးဖြိုးတိုးတက်ရေး အထောက်ကူပြု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲဝင်များ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ

 ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် တာဝန်ထမ်းဆောင်ရွက်မည့်ဦးစီးဌာနများမှဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနာတွင်တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဦးသိန်းထွန်းက အမှာစကားပြောကြားပေးခဲ့သည် ၎င်း နောက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုးက ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ဖွင့်လှစ်ပေးရခြင်းနှင့်

 ပြည်သူများတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းဝန၃်ဆောင်မှုများကို ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော၊သတ္ထုနှင့်စွမ်းအင် ၀န်ကြီးဦးသိန်းထွန်း၊ မြိုနယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုးနှင့် ၊မြို့နယ်ဖွံးဖြိုးတိုး တက်ရေးအထောက်ကူပြုကော်မတီဥက္ကဋ္ဌ ဦးကြည်မောင်တို့က ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ဆိုင်ဘုဒ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော၊သတ္ထုနှင့်စွမ်းအင်ဝန်ကြီး ဦးသိန်းထွန်းနှင့်အဖွဲ သည် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) အားကြည့်ရှုခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် ဦးစီးဌာန (၁၀)ဌာနက ၀န်ထမ်းများက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်များကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video