Sunday, November 1, 2015
1:41 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ်၊အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် သတင်းရယူမည့် ခရိုင်တွင်း ၀န်ထမ်းများ သိရှိထားရမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် သတင်းမီဒီယာ ဥပဒေဆိုင်ရာများ အကြောင်း ရှင်းလင်ဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆွေနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဥိးစိးဌာန ခရိုင်ဥိးစိးအရာရှိ ဒေါ်မြင့်မြင့်ဆွေက သတင်းမီဒီယာများအနေဖြင့် သတင်းရိုက်ကူးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ၀န်ထမ်းကျင့်ဝတ်များ သတင်းမီဒီယာကျင့်ဝတ်များနှင့်ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ လိုက်နာကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှု့များက လုပ်ငန်းဆောင်ရွက်နိုင်မှု့ အသီးသီးအား တင်ပြဆွေးနွေးပြီး ဓါတ်ပုံကျွမ်းကျင်-၂ ၀န်ထမ်းများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ခရိုင်ဦးစီးအရာရှိက မြို့နယ် အလိုက် တင်ပြဆွေးနွေးမှု့အပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားပေးခဲ့ပြီး ဓါတ်ပုံကျွမ်းကျင်-၂ ၀န်ထမ်းများ သိရှိလိုသည်များ ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment