Sunday, November 1, 2015



ကံမ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီရုံးရှေ့မျက်နှာစာတွင် အောက်တိုဘာ ၃၁ ရက်နေ့လည် ၁ နာရီက မျိုးမြန်မာကမ္ဘာတည်စေဖို့ပြည်ခိုင်ဖြိုးကိုမဲပေးစို့ ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဗဟိုကော်မတီဝင် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မြို့နယ်အတွင်းရေးမှူး ဦးမြင့်ရွှေ နှင့် ဦးဇော်လင်းအောင် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖြန်းခဲ့ကြသည်။
အခမ်းအနားကို တက်ရောက်လာကြသောပါတီဝင် ၇၀၀၀ ကျော်တို့က ပါတီအောင်နိုင်ရေးကြွေးကြော် သံများကိုသံပြိုင့် ကြွေးကြော်ခဲ့ကြပြီး အလှပြယာဉ်များဖြင့်လိုက်ပါလျှက် မြို့ပေါ်ရပ်ကွက်များသို့
လှည့်လည် စည်းရုံးခဲ့ကြသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် ကံမမြို့နယ်၏ တောင်ဘက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အဆိုပါအလှပြယာဉ်များဖြင့် လိုက်ပါလျှက် လှည့်လည်ကွင်းဆင်းစည်းရုံးခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video