Tuesday, September 8, 2015


ဂန့်ဂေါ စက်တင်ဘာ ၇
ကျေးရွာမြေများ မြေငှားဂရမ်ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက် နံနက်က ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် က အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ထီးလင်းမြို့နယ် အုပ်ချုပ် ရေးမှူး ဦးတင်လတ်၊ ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြ၍ အဆိုပါလုပ်ငန်းနှင့် သက်ဆိုင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video