Wednesday, September 23, 2015
2:13 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း စက်တင်ဘာ ၂၃
ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သပြေခန်းမတွင် စက်တင်ဘာ ၂၁ ရက်က ပညာရည်ချွန်ဆုပေးပွဲပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေက အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၅ ဘာသာဂုဏ် ထူးဖြင့်အောင်မြင်သူ ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁ ဦးတို့ အပါအဝင် ထူးချွန်စွာအောင်မြင်သူ ၁၈ ဦးတို့နှင့် သူငယ်တန်းမှ နဝမတန်းထိ ထူးချွန်စွာအောင်မြင်ကြသူများအားလည်းကောင်း၊ သင်ကြားမှုထူးချွန်သည့် ဆရာ/ဆရာမများအားလည်း ကောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment