ဂန့်ဂေါ စက်တင်ဘာ ၅
ဇူလိုင်လကုန်ရက်ပိုင်းများနှင့် သြဂုတ်လဆန်းပိုင်းရက်များတွင်ဂန့်ဂေါဒေသ၌ မိုးအဆက်မပြတ်
သည်း ထန်စွာရွာသွန်းခဲ့သည့်အတွက် လမ်းတံတား
ပျက်စီးမှုများရှိခဲ့ရာ ဂန့်ဂေါ- ကလေး ရထားလမ်းပိုင်း
တွင် ဇူလိုင် ၃၀ ရက်မှစတင်၍ ဆက်သွယ်သွားလာနိုင်မှုရပ်နားထားခဲ့ရာမှ ယခု စက်တင်ဘာ ၂ ရက်
တွင် အဆိုပါ လမ်းပိုင်း၌ ဂန့်ဂေါ ဘူတာမှ ကလေးမြို့နယ် မှန်တောဘူတာအထိလည်းကောင်း၊ မှန်တော
ဘူတာမှ နတ်ချောင်း ဘူတာအထိ ကားဖြင့်လည်းကောင်း၊ နတ်ချောင်းဘူတာမှကလေးဘူတာအထိ
ရထားဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီဟု သိရသည်။ထိုသို့သွားလာရာတွင် ကလေးဘူတာမှ
နံနက်ပိုင်းတွင်ထွက်ရှိသည့်ရထားဖြင့် နတ်ချောင်းဘူတာသို့ လိုက်ပါခဲ့၍ နတ်ချောင်းဘူတာမှ မှန်တော
ဘူတာထိ ကားဖြင့်လိုက်ပါရကြောင်း၊ မှန်တောဘူတာမှ ဂန့်ဂေါ ဘူတာသို့ရထားဖြင့်လိုက်ပါရာ
မွန်းတည့်ချိန်ခန့်တွင်
ဂန့်ဂေါမြို့သို့ရောက်ရှိကြောင်း၊ ဂန့်ဂေါဘူတာမှ နေ့လယ် ၁
နာရီခွဲခန့်တွင်
ထွက်ရှိသည့်ရထားဖြင့် ဖော်ပြပါခရီးစဉ်အတိုင်းလိုက်ပါလျှင် ကလေးမြို့သို့ ညဦးပိုင်းတွင် ပြန် လည်ရောက်
ရှိကြောင်း နှင့် ကလေးမှ နတ်ချောင်းဘူတာထိ ရထားခ ၂၀၀ ကျပ်၊ မှန်တောဘူတာမှ ဂန့်ဂေါ ဘူတာထိ
ရထားခ ၇၀၀ ကျပ်ပေးရကာ နတ်ချောင်းဘူတာမှ
ရထားလမ်းဆက်သွယ်ရန် ခက်ခဲနေသေးသည့် မှန်တောဘူတာအထိ ကားခ ၁၀၀၀
ကျပ်ပေးရကြောင်း ခရီးသွားတစ်ဦးက ပြောပြသည်။
အဆိုပါရထားလမ်းပိုင်းဖြစ်သည့် ဂန့်ဂေါ- ကလေးခရီးစဉ် အစမှအဆုံးထိ
ယခင်အတိုင်းပြေးဆွဲနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကစီစဉ်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။
Sunday, September 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment