၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည် (၂) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအုပ် ဝင်းကိုကိုနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဌေးဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မကွေးမြို့၊ နတ်မောက်လမ်းနှင့် သစ္စာလမ်းထောင့်ရှိ လမ်းဘေးကွပ်ပြစ်ပေါ်တွင် လောင်း ကစားပြု လုပ်နေကြောင်းသတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ မကွေးမြို့နယ်၊ ဝါဂွမ်း ကျေးရွာနေ သန်းဌေးအောင်(ခ) ကရင်၊ ၃၈နှစ်ပါ (၃)ဦးထံမှ နှစ်လုံးထီ/သုံးလုံးထီ၊ ဘောလုံး လောင်းကစားရာတွင် အသုံးပြုသောပစ္စည်းများနှင့် ငွေစက္ကူရောရာ ၁၃,၅ဝဝိ/-အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် တရား မဝင် နှစ်လုံးထီ/ သုံးလုံးထီ၊ ဘောလုံးလောင်းကစားပြုလုပ်သူ သန်းဌေးအောင် ပါ (၃)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅၅/၂ဝ၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၎င်းနေ့ နေ့လည် (၂) နာရီခွဲ အချိန်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၂) ရပ်နေ ကိုတိုးကြီး(၄၈)နှစ်၏နေအိမ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၂၅/၂ဝ၁၅ ဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အောက်ထပ်တွင် ကိုတိုးကြီးအား တစ်ရပ်ကွက် တည်းနေ ကိုတူး(ခ)ကိုတင်မြိုင်၊ ၄ဝနှစ်၊ မတင့်(၄၄)နှစ်တို့နှင့်အတူ ဖဲရိုက်လောင်း ကစားပြုလုပ်နေသည် ကို တွေ့ရှိရပြီး လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၁၃၇,ဝဝဝိ/- အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် တရားမဝင်ဖဲရိုက် လောင်းကစား ပြုလုပ်သူ ကိုတိုးကြီးပါ (၃)ဦး အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၆၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment