ပေါက် စက်တင်ဘာ ၃
ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူ များ စာပေကိုအလွယ် တကူ ဖတ်ရှုနိုင် စေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ပြည့်ဝစေရန်ရည်ရွယ်၍အပတ်စဉ်ဗုဒ္ဓဟူးနေ
့နှင့်သောက်ကြာနေ့တိုင်း အောင်တော်မူရပ်ကွက်နေလက်
ထောက်မြေစာရင်းဦစီး(ငြိမ်း) ဦးအောင် သန်းမောင်နေအိမ်တွင် ရွေ့လျားစာ
ကြည့်တိုက်(MobileLibrary)ဖွင့်လှစ်၍စာအုပ်များငှားရမ်းပေးလျက်ရှိ
ကြောင်းသိရသည်။
ရွေ့လျားစာကြည့်တိုက်တွင်သုတ/ ရသ စာအုပ် ၅၀ ကျော် ကိုရပ်ကွက်အတွင်းရှိ
ပြည်သူများ
|အငြိမ်းစားဝန်ထမ်း များ|စာပေဝါ သနာရှင်များကို ငှားရမ်း ပေးတာ
စာအုပ်များကို ရက်သတ္တ တစ် ပတ်ပြည့် လျှင် ပြန်လည်အပ်နှံစေပြီး စာ
အုပ်အသစ်များ လဲလှယ် ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။"ရပ်ကွက်
အတွင်းမှာ ရွေ့လျားစာကြည့်တိုက်ကိုအပတ်စဉ်ဖွင့်လှစ်ပေးပါတယ်| ဖွင့်တဲ့ ရက်တိုင်းမှာလဲ စာအုပ်ငှားသူ(၃၀)ကျော်အထိ လာရောက်ငှားရမ်းဖတ်ရှု ကြပါတယ်|အပတ်စဉ်ဖွင့်လှစ်ပေးတဲ့အ အတွက်
စာအုပ်အလှူရှင်များက စာအုပ်များလှူဒါန်းကြသလို စာအုပ်ငှား သူဦးရေလည်း
အပတ်စဉ်တိုးတက် လျက်ရှိပါတယ်" ဟု မြို့နယ်ပြန်/ဆက် ရုံး စာကြည့်မှူး
ဒေါ်ခင်သန်းဆင့်က ပြောပြသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ရုံးရှိ
ပြည်သူ့စာကြည့်တိုက်ကိုလည်းအင်္ဂါ နေ့မှစနေနေ
့အထိဖွင့်လှစ်ပေးလျက်ရှိပြီး
ပေါက်မြို့ပေါ်ရှိ ကျောင်းများနှင့် ကျေးရွာများအထိ ရွေ့လျားစာကြည့်
တိုက်များ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Thursday, September 3, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment