Friday, September 4, 2015


ဆင်ပေါင်ဝဲ စက်တင်ဘာ ၎
ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၂၀၁၅ မိုးသီးနှံ စိုက်ပျိုးသောတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၅ခုနှစ်မေလ ၂၉ ရက်နေ့မှစ၍
ကျေးရွာအုပ်စုအလိုက် ထုတ်ချေးပေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၈ အုပ်စုအတွက် ချေးငွေကျပ်သိန်းပေါင်း (၂၆၉၉၅.၄၀) ကိုတောင်သူဦးရေ ၁၂၄၃၅ ဦးတို့အား
 သြဂုတ်လ ၂၈ ရက်နေ့တွင် အပြီးသတ်ထုတ်ချေးပေးခဲ့ပြီိးဖြစ်သည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးစိုက်ပျိုးမြေတစ်ဧကလျှင်ငွေကျပ်တစ်သိန်းနှုန်း ဖြင့်(၁၄၂၅၇)ဧက အခြားသီးနှံမျိုးစုံစိုက်ပျိုးမြေတစ်ဧကလျှင်နှစ်သောင်းနှုန်းဖြင့်နှမ်း(၃၀၁၃၁)ဧက၊ပဲတီစိမ်း(၈၅၆၄)ဧက၊ ပဲစဉ်းငုံ(၄၉၄၀)ဧက၊မြေပဲ(၂၀၀၅၇)ဧက၊စုစုပေါင်း(၇၇၉၄၉)ဧကကိုထုတ်ချေးပေးခဲ့ကြောင်းနှင့် အတိုးငွေကျပ် ၁၀၀ လျှင်တစ်နှစ် ငါးရာခိုင်နှုန်းဖြစ်ပြီး တစ်လအတွက်ကျသင့်
အတိုးနှုန်းမှာ ၁၀၀ ကျပ်လျှင် ၄၂ ပြားနှုန်းသာ အတိုးကောက်ခံခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video