Tuesday, September 1, 2015
2:23 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ သြဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မည့် အသင်းဝင်တောင်သူများအားလုံးတွက် စိုက်ပျိုးစရိတ်ချေးငွေကို သြဂုတ်လနောက်ဆုံးပတ်တွင် အပြီးထုတ်ချေးပေး ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၀၂၈ဧက၊ မြေပဲ ၁၀၈၁ဧက ၊နှမ်း၁၇၉၇ဧက၊ ပဲစဉ်ငုံ ၁၁၇၉၁ဧက၊ ပဲတီစိမ်း ၁၇၇၈၄ဧက တို့ရှိပြီးကျေးရွာအုပ်စု ၃၃အုပ်စုနှင့် တပ်ရင်းတပ်ဖွဲ့(၂)ခုတို့မှ အသင်းဝင်တောင်သူ ၄၄၉၃ဦးတို့အား စပါးတစ်ဧကလျင်(၁) သိန်းကျပ်နှုန်း၊ အခြားသီးနှံ တစ်ဧကလျင်(၂)သောင်းကျပ်နှုန်တို့ဖြင့်
ကျပ်သိန်ပေါင်း ၇၆၆၂ ဒသမ ၆၀ သိန်းကို ချေးငွေ(၁၀၀)ကျပ်လျင် တစ်နှစ် (၅) ရာခိုင်နှုန်းဖြစ်ပြီးတစ်လ လျင်(၄၂)ပြားနှုန်း အတိုးကျသင့်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကြည်မြင့်မှ
ပြောကြားသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment