Tuesday, August 25, 2015

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံးအစည်းအဝေးခန်းမတွင် ၂၄.၈.၂ဝ၁၅ ရက်နေ့ ဝ၈၃ဝ အချိန်မှ ဝ၉ဝဝ အချိန်ထိ Community Policing လုပ်ငန်းစဉ် (TOT) နည်းပြသင်တန်းဖွင့်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

 မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှသင်တန်း ဖွင့်ပွဲ မိန့်ခွန်းပြောကြားခဲ့ရာ အခမ်းအနားသို့ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးကိုကို၊ ရဲမှူး(ဦးစီး) ရဲမှူး သက်လွင်၊ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင်၊ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ(၂)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိ(၅)ဦး၊ ဌာနစိတ်တာဝန်ခံအရာရှိ(၃)ဦး၊ သင်တန်းသားအရာရှိ(၁၂)ဦး၊ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ၂၄.၈.၂ဝ၁၅ ရက်နေ့မှ ၄.၉.၂ဝ၁၅ ရက်နေ့အထိဖြစ်ကြောင်း သတင်းရရှိပါသည်။ 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video