Saturday, August 8, 2015


ထီးလင်း သြဂုတ် ၆
ဂန့်ဂေါခရိုင်ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာ ၁၁ ရွာမှကြီးကြပ်ရေးကော်မ တီ ဝင်များနှင့် ဘဏ္ဍာရေးဆပ်ကော်မတီဝင်များ ငွေစာရင်း ထိန်းသိမ်း နည်း
သင်တန်းကို သြဂုတ် ၂ ရက်က ဂန့်ဂေါခရိုင် ထီးလင်း မြို့တွင် အမှတ် (၂) အ မ က တွင် ဖွင့်လှစ်သည်။
အဆိုပါသင်တန်းတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများက
 ငွေစာရင်းထိန်းသိမ်းနည်းများကို သင်ကြားပို့ချပေးပြီး သင်တန်းသို့ ကျေးရွာ ၁၁ ရွာမှ သင်တန်းသား ၈၁ ဦးတို့ တက်ရောက်ခဲ့သည်။ထီးလင်းမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ကျေးရွာ ၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကျေးရွာ ၁၀ ရွာတို့တွင်
 မြစိမ်းရောင်ကျေးရွာမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video