Saturday, August 1, 2015
8:57 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် သြဂုတ် ၁
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၊မအူခုံရပ်ကွက်၊လေးတိုင်စင်ရပ်ကွက် များတွင် ဧရာဝတီ မြစ်ရေ မြင့်တက်လာမှု့ကြောင့် ရေဘေးလွတ်ရာ သရက်မြို့ပေါ်ရှိ ရွှေမုဋော ဓမ္မရုံ၊သဲတောကျေးရွာဓမ္မရုံ၊ စမုတ်ကျောင်း၊စံပုံတင်၊ရွှေသက်လွတ် ၊ဆုတောင်းပြည့်
၊လေးထပ်ကျောင်း၊ရိပ်သာ၊ဒက္ခိတ၊လယ်တီ၊ပစ်တိုင်းထောင်၊ အောင်စေတီ ၊ရတနာမာန်အောင်၊
ပုညကုသလ၊မင်္ဂလာယွန်း ကျောင်းများတွင် ပြောင်းရွှေနေထိုင်သူများအား ကျန်းမာရေးစောင့်လျှောက်
မှု့နှင့်စာသောက်စရာများနှင့်ငွေကြေးများ ကိုယနေ့ နံနက်(၁၀)နာရီက လိုက်လန်လှူဒါန်းပေးခဲ့
ကြောင်းသိရသည်။
အဆိုပါ ရေဘေးသင့် ပြည်သူများအား ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊သရက်လူငယ် အဖွဲ့၊ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့်အသင်းဝင်များမှ လိုက်လန်ပြီး ဆန်၊ရေသန့်၊ခေါက်ဆွဲခြောက်နှင့်အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် လိုက်လန်လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment