Saturday, August 1, 2015

ဂန့်ဂေါ သြဂုတ် ၁
    ဂန့်ဂေါမြို့နယ်တွင် တစ်ပတ်ကျော်ကြာ အဆက်မပြတ်ရွာသွန်းသောမိုးသည် ဇူလိုင် ၃၁ ရက် ည ၁၁ နာရီခန့်တွင် ရပ်တန့်သွားသဖြင့် သြဂုတ် ၁ ရက်နံနက်ပိုင်း၌ မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါး ကားလမ်း ရှိ ဂန့်ဂေါ နှင့် ဟားခါးကားလမ်းပိုင်း ဂန့်ဂေါနှင့် စိုင်ဒူးကျေးရွာကြား မဖေးချောင်းရေငယ်သွားရာ ရွှံ့နှစ်ရည်ထု ၁ ပေ၊ ၆ လက္မခန့် အရှည် ၅ ပေ ကျော် ကျန်ရှိနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့နေသော
 မော်တော်ယာဉ်များ သြဂုတ် ၁ ရက်နံနက်ပိုင်းအထိ ဖြတ်သန်းနိုင်ခြင်းမရှိသေးဖဲ ဆိုင်ကယ်ဖြင့်သွားလာသည့် ခရီးသည်များမှာ အဆိုပါနေရာတွင် ခက်ခက်ခဲခဲ ကျော်ဖြတ်နေရသေးသည်။ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနိုင်ရေး
 ဆောင်ရွက်ပေးလျှက်ရှိပြီး လမ်းဦးစီးဌာန၊ မြန်မာ့မီးရထား၊ လူမှုရေး အသင်းအဖွဲ့များ၊
 စေတနာရှင်ပြည်သူများတို့က ကားဖြင့် လိုက်ပါလာသည့် ခရီးသည်များအား ထမင်းထုပ်များ ဝေငှပေးလျှက်ရှိသည်။
    ထို့ပြင် အဆိုပါလမ်း ဂန့်ဂေါမြို့နှင့် ပုလဲမြို့ကြားး ဂန့်ဂေါ- မဲလမ်းပိုင်း ဂန့်ဂေါမြို့နှင့် ၁၀ မိုင်ကျော်အကွာ အဝေးရှိ မဲချောင်း ရေကြီးသဖြင့် နိမ့်ကျသွားသည့် မဲချောင်းကူးတံတားကို လိုအပ်သည်များပြန်လည်ပြုပြင်ရာ ဇူလိုင် ၃၁ ရက် ညပိုင်းမှစတင်၍ ယာဉ်ငယ်များ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ ယာဉ်ကြီးများ မှာလည်း တံတားရှောင်ကွင်းလမ်းမှ ရေအနက် ၂ ပေခွဲခန့်ရှိ ချောင်းကိုကူးဖြတ်မောင်း နှင်နိုင်ပြီဖြစ်ကြောင်း သိရ သည်။
    အဆိုပါ မဖေးချောင်း၊ မဲချောင်းများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့ရောက်ရှိအားပေး၍ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား  ဖြည့်ဆည်းမှာကြား
သွားကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video