၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ပေါက်မြို့နယ်၊ ကျောက်တံခါး ကျေးရွာတွင် ကလေးတစ်ဦး ရေနစ်သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားချက်အရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ပေါက်မြို့နယ်၊ ကျောက်တံခါးရွာနေ မောင်ဆောင်းထက်အောင် (၇)နှစ် သည် ကျောက်တံခါးရွာ အနောက်ဘက်ရှိ သောက်သုံးရေကန် တောင်မြောက် ၄၀၀ ပေ၊ အရှေ့အနောက် ၃၀၀ ပေ၊ အနက် ၈ ပေခန့်ရှိ ရေကန်၌ ရေဆင်းချိုးရာမှ ရေနစ်၍ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေ ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပေါက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၅)ဖြင့် အမှုရေး ဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Tuesday, August 4, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment