Tuesday, August 11, 2015


ပွင့်ဖြူ သြဂုတ် ၉
ဇူလိုင်လ နောက်ဆုံးပတ်ကနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းသဖြင့် မုန်းချောင်းရေမြင့် တက်မှုကြောင့်ပွင့်ဖြူမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစွာ ရေကြီးနစ် မြုပ်မှုတွင်ပါဝင်ခံစားခဲ့ရသည်။ အဆိုပါ ၀န်ထမ်းများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊မိမိရုံးဌာနလုပ်ငန်းတာဝန်များထမ်းဆောင်နေရပြီး
 အနယ်နယ် အရပ် ရပ်မှ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း များစွာလာရောက်လှူဒါန်း ခဲ့ကြသော် လည်း လုပ်ငန်းတာဝန်များထမ်းဆောင်နေ၍ ထောက်ပံ့ငွေနှင့်ပစ္စည့်များကောင်းမွန်စွာ မရရှိသည့်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ ပွင့်ဖြူမြို့နယ် ရေဘေးသင့်ဝန်ထမ်းများအတွက်
 ထောက်ပံ့ငွေကျပ် (၂၂၅၁၀၀၀၀/-)သိန်း နှင့်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video