Tuesday, August 25, 2015
2:36 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ သြဂုတ် ၂၄
နိုင်ငံတော်အစိုးရက တည်ငြိမ်အေးချမ်းရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ကို ၀ိုင်းဝန် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခြေခံ လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေး ၊စီးပွာရေးဆင်ရဲနွမ်းပါးမှုလျော့ကျရေးနှင့်အလုပ်အကိုင်အခွင့်အလန်းများ ရရှိစေရေး စသောအချက်မှုဖြင့်ဘက်ပေါင်းစုံမှဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များကို ကဏ္ဍအလိုက်အရှိန် အဟုန်မြှင့် တင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်းတွင်မှု သက်မွေးလုပ်ငန်ပညာ သင်တန်းကျောင်းမျာကို ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသမီးများပစ္စုပန်နှင့် အနာဂတ်ကာလ များတွင်လူဘောင် အဖွဲ့အစည်များတွင်လိုအပ်လျက်ရှိသော သားကောင် သမီးကောင်း ရတနာများ ပေါ်ထွန်လာစေရန် ကျေးလက်ဒေသ ဆင်းရဲနွမ်ပါးမှုလျော့ကျရေး အမျိုးသမီးငယ်လေးများ အလုပ်အကိုင်အခွင့်အလန်းများရရှိပြီး ဘ၀လမ်း ခရီးသာယာဖြောင့်ဖြူးစွာ
လျောက်လှမ်းနိုင်ရန် ဘက်စုံတက်မြောက်သော ပညာတစ်ခုသာ မက စိတ်ဓာတ်ပိုင်းဆိုင်းရာ၊ စည်းကမ်းပိုင်ဆိုင်ရာ နှင့် အမျိုဂုဏ် ဇာတိဂုဏ် ထိမ်းသိမ်းနိုင်ပြီး ယဉ်ကျေး သိမ်မွေ့၍ မြင့်မြတ်သော စိတ်ဓာတ်မျာပိုင်ဆိုင်နိုင်သော အမျိုးသမီးများ အဖြစ် နိုင်ငံအကျိုး ပြည်သူ့အကျိုး ဖော်ဆောင် နိုင်စေရန်အတွက် အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သြဂုတ်လ ၂၄ ရက် နေ့ နံနက် ၉ နာရီ အချိန် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်တွင် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၂၆) ၊ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၃၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနာသို့  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြား ထာသောဧည့်သည်တော်များ၊ လူမှုရေးအသင်း အဖွဲ့များ ၊သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် နည်းပြဆရာမများ၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အမှာစကားပြောကြားပေးခဲ့ပြီး သင်တန်းသူများအနေဖြင့် ပိုချသင်ကြားပေးသော ပညာရပ်များကို စည်းကမ်းစနစ်တကျ အချိန်ပြည်ကြိုးစား သင်ယူကြရန်၊သင်တန်သူ အချင်းချင်း ညီအမများသဖွယ်ချစ်ခင်စွာနေထိုင် သွာရန် ၊သင်တန်းသူများ အတွက်သင်တန်းတွင်လိုအပ်သောပိတ်စ၊စက္ကူဖြူ၊ စာအုပ် သိုးမွှေးချည်စသောသင်တန်းသုံး ပစ္စည်း(၂၀)မျိုးထောက် ပံ့ပေးထားသည့်အပြင် အသွား/အပြန် ခရီးစရိတ်များ ပါထောက်ပံ့ ထားကြောင်း ထူးချွန်ဆုရရှိသူများ အားအပ်ချုပ်စက် တစ်လုံးစီချီးမြင့်ပေး အပ်သွားမည်ဖြစ်ကြောင်းပြောကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်တွင်းနှင့် အနယ်နယ် အရပ်ရပ်မှ လာရောက်၍ သင်တန်းတက်လျက်ရှိရာ အဆင့်မြင့် စက်ချုပ်သင်တန်း သူ(၁၆)ဦး အခြေခံအိမ်တွင်းမှု သင်တန်းသူ(၃၀)ဦး တို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သုံးလ ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment