၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ရန်ပယ်ခွကျေးရွာတွင် ခေါင်မိုးပေါ်တွင် ဆိုလာပြား အား တင်ပြီး ဘက္ထရီအားသွင်းရာမှ ဝါယာရှော့ဖြစ်ကာ လူနေတဲတစ်လုံးမီးလောင်ဆုံးရှုံးခဲ့ ကြောင်း သတင်းရရှိပါသည်။
တောင်တွင်းကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ရန်ပယ်ခွကျေးရွာနေ ဦးအောင်မြင့်စိုး (၄ဝ) နှစ်၏ ဝါးတိုင်၊ ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ်တဲ ခေါင်မိုးပေါ်တွင် ဆိုလာပြားအား တင်ပြီး ဘက္ထရီအားသွင်းရာမှ ဝါယာရှော့ဖြစ်ပြီး ၁၁၃ဝ အချိန် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၁၄၅ အချိန်မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အိမ်ရှင်မိသားစု အိုးအိမ်မဲ့ဖြစ်ကာ မီးလောင်ဆုံးရှုံးမှုတန်ဖိုး ၂၅,ဝဝဝိ/- ၊ ဖြစ်ကြောင်း သိရှိရသဖြင့် ပေါ့ဆစွာမီးလောင်ကျွမ်းမှုဖြစ်စေသူ အောင်မြင့်စိုးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment