Wednesday, August 12, 2015
2:17 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရပ်ကွက်(၄) ရပ်ကွက် ရှိရာ ၊အနောက်ပိုင်း ရပ်ကွက်၊ ဂုဏဝတီကျောင်းတိုက်၌ သြဂုတ်လ ၁၁ ရက်နေ့လည် ၁၂ နာရီက အနောက်ပိုင်းရပ် ရေဘေးသင့် အိမ်ထောင်စု (၃၀၀)တို့အား ဂုဏဝတီကျောင်းတိုက်၊မြို့နယ်သံဃနာယကဥက္ကဌ၊ ဆရာတော် ဦးပါမောက္ခ
မှ ဦးစီး၍ တစ်အိမ်ထောင်လျင် ဆန်(၂)ပြည်၊ရေသန့်ဗူးသေး(၂)ဗူး၊ မားမားခေါက်ဆွဲ (၅)ထုပ်စီ ထောက်ပံ့
ပေးခဲ့ကြသည်။
ယင်းနောက် အလှူရှင်များက လှူဒါန်းသည့် ဆန်အိတ်(၁၃)အိတ်အား တစ်အိမ်ထောင်ချင်းအလိုက် ဆက်လက်၍ ထောက်ပံ့ပေးအပ်ခဲ့ရာ ပွင့်ဖြူမြို့အနောက်ပိုင်းရပ်နေဦးဝင်ကျော်မှယခုလို ရေဘေးဒုက္ခ ရောက်
နေချိန်မှာ လှူဒါန်းတဲ့အတွက် အရမ်းပဲဝမ်းသာတယ်။ အရမ်းကျေးဇူးတင်ကြောင်း ၊ နောက်လည်းယခုထက်
ပိုမိုလှူဒါန်း နိုင်ကြပါစေလို့ ပြောကြားခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment