Tuesday, August 4, 2015



မင်းဘူး သြဂုတ် ၃
ပွင်ဖြူမြို့သို့ မင်းဘူး(စကု)ဘက်မှလာရာတွင် ကုလားကုန်းရွာသံပေါင်း ပွင့်ဖြူမြို့အ၀င်ဆိုင်း ဘုတ်အနီးတွင် ရေ(၁)ပေခန့်သာရှိတော့သဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊
 ခြေလျင်လျှောက်သူများမြို့တွင်းရှိမိမိတို့နေအိမ်များသို့ကယ်ဆယ်ရေးစခန်းများမှ ပြန်သွားနေကြ
သည်ကိုတွေ့ရှိရသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး GSM ဖုန်းလိုင်းများကို သြဂုတ်လ(၂) ရက်နေ့ ညနေ(၄း၁၀)နာရီခန့်ကစတင်၍ ဆက်သွယ်ပြောကြားနိုင်ပြီဖြစ်သည်။ ဌာနဆိုင်ရာအသီးသီးမှ ရုံးဝန်ထမ်းများလည်း ပြန်လည်ရောက်ရှိကြပြီး မိမိတို့ရုံးဌာနများအတွင်း သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင်မြေနိမ့်ပိုင်းရှိနေရာများမှ ရေများကိုမီးသတ်ဝန်ထမ်းများက ရေစုပ်စက်များဖြင့် စုပ်ထုတ်ပေးလျက်ရှိ ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video