Saturday, July 4, 2015


မင်းဘူး                ဇူလိုင်                ၃
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယင်းနေ့ ညနေ(၄)နာရီ တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
    အခမ်းအနားတွင် မင်းဘူးမြို့  အမှတ်(၂) အထက်တန်းကျောင်း ၊ ကျောင်းသူကလေးများ က မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
    ရှေ့ဦးစွာ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စမ်းသူဇာမြင့်က အဖွင့်အမှာ စကားပြောကြားပြီး ဂုဏ်ပြုဆုများချီးမြှင့်ရာ မင်းဘူးမြို့နယ် စိုက်ပျိုးရေးထုတ်လုပ်မှု ထူးချွန်တောင်သူ လယ်သမားဆု ရရှိသူ ဒေါ် ဝင်းအားလည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံး (ဝိဇာဘာသာတွဲ) အဆင့်(၇)ရရှိသူ စေတုတ္တရာ မြို့နယ်မှ မဝေမာဦး အားလည်းကောင်း၊ စလင်းမြို့နယ်မှ အကြိမ် (၄၀) အထက် သွေးလှူရှင် ဒေါ်ရီရီရွှေ တို့အား အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စမ်းသူဇာမြင့်မှ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
    ထို့နောက် ၂၀၁၅-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသည့် မင်းဘူးအထက်တန်းကျောင်းမှ မဇင်သူသူနိုင်၊ မင်းဘူး၊အိမ်ယာအထက်တန်းကျောင်း(ခွဲ) မှ မသဇင်ထူး၊ စကု အထက်တန်းကျောင်းမှ မအေးမြနန္ဒာ ၊ စလင်းအထက်တန်းကျောင်းမှ မယမင်းသီရိအေး ၊ ပွင့်ဖြူ မြို့နယ်အထက်တန်းကျောင်းမှ မဝါဝါအောင်၊ မထက်နန္ဒာဦး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်း အထက်တန်းကျောင်းမှ မသီရိရွှေစင်၊မနွေးနွေးဇော်၊မသိရိဝေလျှံထွန်း၊ မမို့မို့ဇာနည်၊ မနွယ်နီမိုး၊ မခိုင်းသဉ္စာလီ၊ မသီရိဝေ ၊ မယဉ်ယဉ်အေး တို့အားလည်းကောင်း၊ နိုင်ငံတော်အဆင့် ဆို၊က၊ရေး၊တီး၊ ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ကိုယ်စားပြု ကဗျာလွတ်အက ပထမ ရွှေတံဆိပ်ဆုရ မလှိုင်လှိုင်ချမ်းမြေ့နှင့်အဖွဲ့၊ ဘက်စုံပညာထူးချွန်ဆုရရှိသူ၊ နှစ်သိမ့်ဆုရရှိသူများအား မင်းဘူး၊စလင်း၊ပွင့်ဖြူ၊ငဖဲ၊စေတုတ္တရာမြို့နယ်များရှိ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
                     

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video