Friday, July 10, 2015
3:35 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကံမ)ရှိမြ၀တီခန်းမတွင် ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ပညာရည်ချွန် ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ၂၀၁၄-၂၀၁၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသောဂုဏ်ထူး
ရကျောင်းသားကျောင်းသူ ၅၅ ဦးအား ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးပိုက်ထွေး နှင့် တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆုရကျောင်းသားကျောင်းသူများ၏ ကိုယ်စား သုံးထပ်ကွမ်းဘက်စုံထူးချွန်ဆုရ ၆ဘာသာဂုဏ်ထူးရှင် မောင်ဝင်းကိုကိုထွန်းမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် မြို့နယ်အဆင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP)အစီအစဉ်
အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားဘောလုံးပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ဒုတိယ၀န်ကြီးဦးပိုက်ထွေးက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး တိုက်နယ် အလိုက် ယှဉ်ပြိုင်ကစားမှုအားကြည့်ရှုအားပေးခဲ့သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment