Thursday, July 16, 2015
3:48 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇူလိုင် ၁၆
၂၀၁၅-ခုနှစ်အတွက်အထွေထွေရွေးကောက်ပွဲ အတွက်မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များပုံစံ(၁၅)နှင့်ပတ်သတ်သည့် ညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်(၉း၃၀)အချိန်က မကွေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မရှင်ဥက္ကဌ ဦးကြည်စိန်က ပုံစံ(၁၅)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ ပြင်ပရောက်ရှိ မဲပေးနိုင်ခွင့်ရှိသူ များနှင့်ပက်သတ်၍ ဖြည့်သွင်းရန် ပုံစံ၊ နည်းဥပဒေ ၅၆(က)နှင့် ၅၇(က)အားလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ လည်းကောင်း၊ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ကောလိပ်များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ကြပြီး တိုင်းဒေသကြီးကော်မရှင်ဥက္ကဌဦးကြည်စိန်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment