Monday, July 13, 2015
3:24 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇူလိုင် ၁၂
ဂန့်ဂေါမြို့နယ် အားကစားနှင့်ကာယပညာကော်မတီကကြီးမှူး၍ ၂၀၁၅ ခုနှစ် (T.S.D.P) အစီအစဉ် အသက် ၂၃ နှစ်နှင့်အောက် ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ဇူလိုင် ၁၂ ရက်ညနေပိုင်းက မြို့နယ်အားကစား ကွင်း၌ကျင်းပရာ ပြိုင်ပွဲဝင် အသင်းများက အားကစားအဓိဌာန်ကို ရွတ်ဆိုကြသည်။
ထို့နောက် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦး မောင်မောင်ဇင်က အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ အား ပြိုင်ပွဲဝင် အားကစားအသင်းများက အသင်းအလိုက်ချီတက် အလေးပြုကြသည်။
ကွင်းဖွင့်သည့်နေ့တွင် မောက်ရွာအသင်းနှင့် လယ်မရွာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဂိုးမရ သရေပွဲ ဖြစ်သွားသည်။ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာ အားကစားအသင်း ၁၅ သင်းတို့ပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း နှင့် မြို့နယ်အားကစားလောက တိုးတက်စေရန်ရည်ရွယ်၍ (T.S.D.P) အစီအစဉ် အားကစားပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူး၊ ပခုက္ကူ၊ ရေစကြို၊ သရက်၊ ကံမနှင့် ဂန့်ဂေါမြို့နယ်တွင် ကျင်းပကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment